မြင့်မြတ်တဲ့နေရာမှာထားပြီးပူဇော်ခဲ့တဲ့ ဘုရားပုံတော်တွေ ဘုရားစာအုပ်တွေ ဟောင်းနွမ်းစုတ်ပြဲသွားလို့ စွန့်ပစ်ရတော့မယ်ဆိုရင် ဘယ်နေရာမှာစွန့်ပစ်ရင်သင့်တော်မလဲဆိုတာကို စိတ်ထဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်ခဲ့ပါတယ်..
မစွန့်ပစ်ရက်လို့ စုထားပြန်ရင်လည်း တဖြည်းဖြည်းများလာပြီး ထားစရာနေရာက အခက်အခဲရှိလာပြန်တယ်ဒီတော့ မဖြစ်မနေစွန့်ပစ်ရတော့မယ်ဆိုပြန်ရင်လည်း မသင့်တော်တဲ့နေရာမှာ စွန့်ပစ်မိမှာ စိုးကြပြန်ပါတယ်..ဒါနဲ့တစ်နေ့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးထားတာကို
မနောပဒါယီအရှင်ဝိစိတ္တဆရာတော်ဖြေထားတဲ့ စာတစ်ပုဒ်ဖတ်လိုက်ရတဲ့အခါ ကိုယ့်လိုပဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်နေကြတဲ့သူတွေကိုလည်း သိစေလိုတဲ့အတွက် စေတနာရှေ့ထား ဖော်ပြပေးလိုက်ပါတယ်..
မနောပဒါယီဆရာတော် အရှင်ဝိစိတ္တပြန်ဖြေထားတာကတော့-ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါဖြစ်တတ်ပါတယ်ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွှင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ်..စေတနာရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ်ပါတယ်..
သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲဘုန်းဘုန်းကျောင်းမှာဆိုလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းဖြစ်ပါတယ်..မီးရှို့ဖျက်ဆီးပြီး မီးပူဇော်လိုက်တဲ့အတွက် ဒီဘုရားပုံတော်များ ဘုရားစာအုပ်အဟောင်းများကို တစ်ခြားသူတွေအနေနဲ့
လည်း အသုံးမပြုဖြစ်တော့ပါဘူးရှင်းလင်းဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာဖြစ်နေတဲ့အတွက် စိတ်သန့်ရှင်းသွားပါတယ်..ဘုရားရှင်ရဲ့ ရုပ်ကလပ်တော်ကို တေဇောဓာတ်လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ.
.ဒါကြောင့် လွှင့်ပစ်ရခက် ထားရခက်နေတဲ့ ဘုရားပုံတော်တွေ တရားစာအုပ်အဟောင်းတွေကို တွေ့ရာမှာဖြစ်သလို စွန့်ပစ်တာမျိုးမလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်..]
Credit – Lovely Myanmar
Credit – Lovely Myanmar








0 comments:
Post a Comment