Tuesday, August 27, 2019

ပန်းသီးစားခြင်းကရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

ပန်းသီးနေ့စဉ်စားသုံးခြင်းက ဆရာဝန်ကိုအဝေးသို့ပို့ပေးတယ်ဆိုသော သိုးဆောင်းစကားပုံ တစ်ခုရှိပါတယ်။ ပန်းသီးနေ့စဉ်စားသုံးပေးခြင်းက လူကြီးရော ကလေးရောရဲ့ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေတဲ့အတွက် ဆေးခန်း ဆေးရုံကိုသွားစရာလုံးဝမလိုခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ပန်းသီးဟာ ကုသခြင်းအပိုင်းမှာလည်းအသုံးဝင်သလို ရောဂါများကုသဖို့အတွက် ဓာတ်စာအဖြစ်လည်း စားသုံးနိုင်မှာပါ။
ပန်းသီးဟာ ကယ်လိုရီနည်းပြီး မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များကြွယ်ဝစွာပါဝင်ပါသေးတယ်။ ကလေးငယ်လေးများကို ကျန်းမာရေးနဲ့ညီညွတ်သော ကိုယ်အလေးချိန်နဲ့ အ၀လွန်ခြင်းမှလည်း ကာကွယ်ပေးချင်ရင်တော့ ကလေးရဲ့ နေ့စဉ် စားသုံးတဲ့ အစားအစာစာရင်းမှာ ပန်းသီးကိုထည့်သွင်းဖို့တော့ လိုအပ်ပါတယ်။
ပန်းသီးမှာ ဗီတာမင် A,B1,B2 နဲ့ C တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် သတ္တုဓာတ်များဖြစ်တဲ့ အိုင်အိုဒင်း၊ ဖော့စဖောရပ်၊သံဓာတ်၊ နဲ့ ကယ်ဆီယမ်ဓာတ်များလည်း ပါဝင်တဲ့အတွက် ကလေးငယ်ရဲ့ကျန်းမာရေးမှာ အရေးပါတဲ့ ကြွက်သားတစ်သျှူးများ၊အရေပြား၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၊သွေးနှင့်အရိုး တို့အတွက် ကောင်းမွန်ခြင်းကို ယူဆောင်လာပေးမှာပါ။
အန်တီအောက်ဆီးဒန့် နဲ့ ဖိုက်သိုနယူးထရီးရန့်က ထိခိုက်တတ်သော ဓာတ်ပစ္စည်းများနဲ့ မျက်စိပျက်စီးခြင်းတို့ကိုပါ ကာကွယ်ပေးပါသေးတယ်။ ပန်းနာရင်ကြပ်ရောဂါကိုလည်း ကာကွယ်ပေးတာကိုလည်း တွေ့ရမှာပါ။ ကောင်းမွန်သော ကိုလတ်စထရောဖြစ်ထွန်းမှုကိုလည်း အကူအညီပေးပြီး ဆိုးဝါးသော ကိုလတ်စထေရော များကိုလည်းလျှော့ချပေးပါသေးတယ်။
ဆိုးဝါးသော ကိုလတ်စထရောများ သွေးအတွင်းရှိခြင်းက သွေးပေါင်ချိန် တက်ခြင်းကိုဖြစ်စေပြီး နှလုံးနှင့် ပတ်သက်သော ရောဂါများဖြစ်ပွားနိုင်ချေကိုပါ မြင့်တက်စေပါတယ်။ထို့အတွက် ပန်းသီးများစားသုံးပေးခြင်းက ကောင်းမွန်သောရလဒ်ကိုရရှိစေမှာပါ။ ကလေးငယ်ကို ၀မ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်တဲ့အတွက် မိဘများက ကလေးငယ်ရဲ့နေ့စဉ် စားစရာစာရင်းမှာ ပန်းသီးကိုထည့်သင့်ပါတယ်။
Credit : Lovely Myanmar

0 comments:

Post a Comment