ဝမ်းနှင့်ပတ်သတ်လျှင် ဝမ်းချုပ်ခြင်းအကြောင်းအရင်သိရပါမယ်။
ဝမ်းချုပ်ခြင်းဆိုတာ ဘာလဲ?…
ဝမ်းချုပ်ခြင်းဆိုတာလူတစ်ယောက်နဲ့ တစ်ယောက်က နေထိုင်စားသောက်မှုပုံစံတွေမတူညီတဲ့ အတွက် တစ်နေ့ကို ဘယ်နှကြိမ် ဝမ်းသွားမှ ပုံမှန်ဆိုတာတော့ ပြောဖို့အလွန်ခက်ပါတယ်။
ဝမ်းချုပ်ခြင်းက အစာအိမ်စနစ်ကို ခက်ခဲစေပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် အစာအိမ်နာကျင်တာ အူလမ်းကြောင်းညစ်အားနာကျင်တာတွေ ဖြစ်တတ်ပါတယ်။
** ဝမ်းချုပ်ခြင်း (၂)မျိုး ရှိပါတယ်။ နာတာရှည် ဝမ်းချုပ်ခြင်းနှင့် ရိုးရိုးတစ်ခါတစ်လေမှ ဝမ်းချုပ်ခြင်းပဲဖြစ်ပါတယ်။ **
နာတာရှည်ဝမ်းချုပ်ခြင်းက ရက်သတ္တပတ် (သို့မဟုတ်) အမြဲတမ်းလိုလို ဝမ်းသွားရခက်ခဲခြင်း (သို့မဟုတ်)ဒီထက်ပိုပြီး အူလှုပ်ရှားမှုနည်းခြင်းတွေ ဖြစ်ပါတယ်။ နာတာရှည် ဝမ်းချုပ်ခြင်းက ဝမ်းသွားနိုင်ဖို့ အလွန်အမင်း ညစ်ရခြင်း နှင့် အခြားလက္ခဏာများစွာ ဖြစ်ပေါ်တတ်ပါတယ်။
ယေဘုယျအားဖြင့်တစ်ပတ်ကို (၃)ကြိမ်အောက်ဝမ်းသွားခြင်းကို ဝမ်းချုပ်ခြင်းလို့ခေါ်ပါတယ်။ အညစ်အကြေးတွေက အစာအိမ်လမ်းကြောင်း တစ်လျှောက် တဖြည်းဖြည်းခြောက်သွေ့မာကြောလာခြင်းကြောင့်ဝမ်းချုပ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။
****ဝမ်းချုပ်ခြင်းကဘယ်သူတွေအဖြစ်များလဲ?….**
ဝမ်းချုပ်ခြင်းကို အဓိကအားဖြင့်
-အသက်အရွယ်ကြီးသူများ
-ရေဓာတ်ခန်းခြောက်သူများ
-ကိုယ်လက်လှုပ်ရှားမှုမရှိသူများနည်းသူများ
-ကိုယ်ဝန်ဆောင် အမျိုးသမီးများ
-အမျှင်ဓာတ်ပါဝင်သောအစားအစာများကို စားသုံးမှုနည်းသူများ
-စိတ်ငြိမ်ဆေးအသုံးပြုသူများ
-သွေးကျဆေးအသုံးပြုသူများ
-စိတ်ဖိစီးမှုများခြင်း
-အူမကြီးကင်ဆာ
-အစာအိမ်ဟောင်းကင်ဆာ။ စတာတွေကြောင့်လည်း ဝမ်းချုပ်စေပါတယ်

***ဘယ်လို ကာကွယ် သင့်လဲ?***
ဝမ်းချုပ်တဲ့လူတွေ အနေနဲ့ ကိုယ်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းပါ။
အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာ(အစေ့အဆံများ ၊ ထောပတ်သီး ၊ ပဲအမျိုးမျိုး ၊ ပန်းဂေါ်ဖီစိမ်း) စတာတွေကို များများစားသုံး ပေးရမှာ ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုကို တတ်နိုင်သလောက် များများလုပ်ပေးပါ။
ဝမ်းသွားချင်တဲ့ အချိန်တွေမှာ ချုပ်မထားဘဲ ချက်ချင်း သွားပါ။
မနက်အိပ်ရာက ထထချင်း ရေသောက်ပေးပါ
တစ်နေ့ကို အနည်းဆုံး ရေ(၂)လီတာ သောက်ပေးပါ။(credit)

ဝမ်းချုပ် ၊ ဝမ်းခိုင်နေသူများအတွက် အိမ်တိုင်း ဆောင်ထားသင့်သည့်လက်တွေ့ ဆေး….ဖြစ်ပါတယ်။
ဆေးတစ်ဖုံတွင် ပါဝင်သော ပစ္စည်းများ….
၁။ ရှားစောင်း ၂၁ကျပ်သား
၂။ အစေ့လွတ်မန်ကျည်းသီး ၅၀ကျပ်သား
၃။ ပျားရည်၂၆ကျပ်သား
၎။ ဆားလှော် ၃ကျပ်သား
ဆေးချိန်= ၁၀၀ကျပ်သား (၁ ပိသာ )
ဆေး အာနိသင်..
ဝမ်းတွင်းမှ အပူပုပ် ကင်းစင်ခြင်း
•ခန္ဓာကိုယ် ခုခံအားကောင်းစေခြင်း
•မလိုအပ်သော အဆီ/ကိုယ်လတ်စရော လျော့ချပေးခြင်း
•အဆိပ်တောက်များ ဖယ်ရှားပေးခြင်း
•ရေဓာက်ထိမ်းပေးခြင်း
•ကင်ဆာ ကို ကာကွယ် ပေးခြင်း
• အဖု၊ အကြိတ် အနာများ ကာကွယ် ခြင်း
•စိတ်ဖိဆီးမှု လျော့ချခြင်း
•အမောဒဏ် ခံနိုင်ခြင်း
•အိပ်ပျော်ခြင်း
•အစာစား ကောင်းခြင်း
•မျက်စိ အားကောင်းခြင်း
•ဆီးမှန်/ဝမ်းမှန်နှင့် နှလုံးငြိမ်းခြင်း..
စသော….ရောဂါ များအတွက် အလွန်အသုံးဝင်သော ဆေး ဖြစ်ပါသည်။

•• ဆေးအရသာ=== ချို၊ ချဉ် အရသာ..
ာင်စေး (ချွဲပျစ်)နေအောင် ထိုးပါ ။ အအေးခံ၍ ဖန်ပုလင်းသို့ လေလုံ အောင်ထား ပြီး ဆောင်ထားပါ။ ညအိပ်ရာ ဝင်တိုင်း လက်ဖတ်စားဇွန်းဖြင့်
လူကြီး (၁)ဇွန်း၊ မှ (၂)ဇွန်း
ကလေး (၁/၂)ဇွန်း(ဇွန်းတစ်ဝက်)၊ စားသွားပါ။
ကျန်းမာခြင်းဖြင့်ပျော်ရွှင်သောနေ့များစွာကျော်ဖြတ်နိုင်ပါစေ။
ဆရာကြီးဦးရွှေသုဝဏ်
09767457334

0 comments:
Post a Comment