Tuesday, August 27, 2019

နှုတ်ဝစီကြမ်းတဲ့အခါ ဘဝပါကြမ်းတတ်တယ်

လွန်ခဲ့ တဲ့ ၁၀ နှစ်ကျော်လောက်က ကျမတို့အလုပ်မှာ အလွန်တော်တဲ့ စီနီယာ အမျိုးသမီး တယောက်နဲ့ ကြုံဖူးတယ်နောက်ပိုင်းမှာသူမအလုပ်ထွက်သွားတော့ သူမရာထူးနေရာမှာ ကျမရောက်လာခဲ့ တယ်ဒီလိုအလုပ်ထွက်သွားတဲ့အတွက်
အလွန်ကို နှမျောမိတာ ကျမ နဲ့ အလုပ်ရှင် ၂ ယောက်ပဲရှိမယ်ထင်တယ်ကျန်တဲ့ ဝန်ထမ်းတွေကတော့ ပျော်လွန်းလို့ သူထွက်သွားတော့ စားပွဲသောက်ပွဲတောင်လုပ်ကြတယ်လို
့နောက်ပိုင်းပြန်ကြားရတယ်ဒီအမျိုးသမီးဟာ လုပ်ငန်းလည်းကျွမ်းကျင်တဲ့အပြင် အလုပ်ခွင်အတွေ့အကြုံလည်းရင့်ကျက်တဲ့ အမျိုးသမီးတဦးပါ
နှုတ် ဝစီကြမ်းရင် ဘဝကြမ်းတတ်တယ်.. ဒီပို့လေးကို တွေ့တဲ့သူတိုင်း ကျော်မသွားပါနဲ့နော်ဒါပင်မယ့် အပြောအဆိုကြမ်းပြီး တခါတရံရိုင်းတဲ့ဘက်ကိုပါနွယ်တတ်ပါသေးတယ် ဒီ့အတွက်ကြောင့်
လူအတော်များများနဲ့ အဆင်မပြေပါဘူးအသင်းအဖွဲ့ နဲ့ လုပ်တဲ့ နေရာမှာ တဦးကောင်းလုပ်လို့ မရသလို လုပ်ငန်းအောင်မြင်ပြီးစီးဖို့ အတွက် ကိုယ့်အသင်းကို ကိုယ့်နဲ့ အတူတူပါလာအောင် ခေါ်နိုင်ဖို့ ဆိုတာလည်အလွန်အရေးကြီးပါတယ်ဒီလို
အများနောက်ကပါလာဖို့ ဆိုတာကလဲ ကိုယ့်ရဲ့ ဦးတည်ချက်ကို ရိုးသားစွာချပြပြီး ချိုချိုသာသာပြောဆိုတတ်ဖို့ က နေရာတော်တော်များများမှာ အရေးပါနေပြန်ရော
ဒါဟာ တကယ်တော့ ချိုချိုသာသာနဲ့ ညာခိုင်းတာမဟုတ်ပါဘူး ကိုယ်နဲ့ တွဲလုပ်တဲ့ အဆင့်အမျိုးမျိုးက လုပ်ဖေါ်ကိုင်ဖက်တွေကို teamwork တခုအနေနဲ့ တဦးဦးကိုတဦး ဖေးမတွဲခေါ်ခြင်းတမျိုးပါသူမကနှုတ်ကြမ်းတော့ အလုပ်တော့ပြီးသွားပါရဲ့
ဒါပေမဲ့ သူမနဲ့အတူတူတွဲလုပ်သူတွေအနေနဲ့ကတော့ညိုငြင်စွာနဲ့သာအလုပ်တခုပြီးသွားတာပါသူပြောနေကျစကားတစ်ခွန်းရှိတယ်“ငါက ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပဲပြောတတ်တယ်” လို့ ကြွေးကြော်တတ်ပေမဲ့ လိုရင်းတိုရှင်း
ပွင့်ပွင့်လင်းလင်းပြောဆိုတာနဲ့ ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောတာနဲ့က တခြားစီပါကျမ မကြာခဏ အပြောအဆိုရိုင်းစိုင်း ကြမ်းတမ်းတဲ့ သူတွေကိုတွေ့ ဖူးတယ် သူတို့ အားလုံးတူနေကြတာက အပြောအဆို ရိုင်းစိုင်း ကြမ်းတမ်းမှုကို ပွင့်လင်းရိုးသားမှုနဲ့ ခေါင်းစဉ်တပ်ပြီးဖုံးကွယ်တတ်ကြတာပဲ
ယဉ်ယဉ်ကျေးကျေးချိုချိုသာသာပြောတတ်သူဆို ဒါလိမ်နေတာ ညာစားနေတာလို့ အတပ်ကိုပြောချတတ်ကြတယ်လူအမျိုးမျိုး စရိုက်အမျိုးမျိုးမို့ သူ့ ကြမ်းတမ်းတဲ့စရိုက်ကိုထားလို့ 
ကျမအဓိကပြောချင်တာက သူ့ ရဲ့ ဝစီကံ အကြောင်းပါဒီဝစီမစောင့်တဲ့ အတွက် သူကိုယ်တိုင်ပူလောင်သလို သူ့ နဲ့ နီးစပ်သူတွေလည်းအတော်ပူလောင်ပါတယ်နောက်ဆုံး သူခင်တွယ်တဲ့ သူတွေရဲ့ရှောင်ဖယ်တာခံရခြင်း၊ အထီးကျန်ခြင်း၊ ကောင်းကျိုးထက်ဆိုးကျိုးပိုများတဲ့ သူမစေတနာကို အသိအမှတ်အပြုမခံရခြင်း ၊
နှုတ်မစောင့်လို့ မလိုလားတဲ့တုန့်ပြန်မှုဆိုးကျိုးတွေကို ရင်ဆိုင်ရင်း သူခင်တွယ်ရာလုပ်ငန်းခွင်ကနေ မပျော်ပိုက်တော့ပဲ စွန့် ခွာသွားခဲ့ တာ သူ့ လုပ်ခဲ့ တဲ့ အလုပ်တိုင်းလိုလိုမှာပါလောကကြီးမှာ လူတိုင်းဟာ အပူမျိုးစုံမို့ သူ့ အပူနဲ့ ကိုယ့်အပူ မတူ အပူအမျိုးအစားကွဲတာပဲရှိတာပါမလွန်ဆန်နိုင်တဲ့
လောကဒါဏ်ကြောင့် ပူရတဲ့ အထဲ ကိုယ့်နှုတ်ကြောင့် မလိုလားအပ်ပဲ ထပ်လောင်းကျရောက်လာတဲ့ အပူတွေကြောင့်မို တောက်လောင်ရတဲ့ မီးဟာ ကိုယ်ကလွဲပြီးဘယ်သူမှငြိမ်းပေးဖို့ မလွယ်ပါဘူးကျမတို့ ငယ်ငယ်က မောင်နှမတွေ ကြမ်းတမ်းတမ်းပြောတိုင်း မေမေအမြဲဆုံးမဖူးတယ်
နှုတ်ကိုထိန်းပါ၊ နှုတ်ကြောင့်သေတတ်သလို ကံကြောင့်ကြေတတ်တယ်၊ ဝစီကြမ်းရင် ဘဝကြမ်းမယ်” တဲ့ ကံဆိုတာကလည်း ကိုယ့်အားထုတ်မှုကြောင့်သက်ရောက်မှု ရှိသလို
မမျှော်လင့်ပဲ ကြမ်းတမ်းစွာ ကျရောက်လာတတ်တာမျိုးမလားဒါဟာ လောကဒါဏ်လို့ ပဲကျမမြင်တယ် ဘဝကြမ်းကြမ်းမှာ အကျမနာဖို့ အတွက် ကျမတို့ စိတ်ကပါသည်ဖြစ်ပါစေ
မပါသည်ဖြစ်ပါစေ ဝစီကံ ကိုအတတ်နိုင်ဆုံးထိန်းသင့်ပါတယ်ကိုယ်တိုင်ငြိမ်းချမ်းဖို့ ကိုယ်ချစ်တဲ့ သူတွေငြိမ်းချမ်းဖို့ ချိုသာသောစကားပြောကြရအောင်
Credit - Lovely Myanmar

0 comments:

Post a Comment